Thursday, June 11, 2009

ခေါင်ဆောင် - အပိုင်း (၁၂)

စာဖတ်ပရိသတ်များ ခင်ဗျား-

ယနေ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး တင်ပြနေတဲ့ ဆောင်းပါး အပိုင်း(၁၂) ကို ဒီကနေ့ ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဒီအပိုင်း မှာ “ပါဝါ” ဆိုတဲ့ လက်သုံး မွေးစားစကားလုံးကို ဆရာနေဇင်လတ်က တိတိကျကျ ခွဲခြမ်းရှင်းပြ ထားတာကို ဗဟုသုတရရှိစေဖို့ တင်ပြပေးလိုက်ရပါတယ်ခင်ဗျား။ အပိုင်း (၁၁) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် ကြည့်ရှု လေ့လာနိုင်ပါတယ်။

ပါဝါနဲ့ ခေါင်းဆောင်မှု (Power and Leadership Role)

Power ဆိုတာ ညစ်ညမ်းတဲ့ စကားလုံးလား ဆိုပြီး Brain Storming လုပ်ခဲ့ကြဖူးပါတယ်။ မှန်ကန်စွာ အသုံးပြုသူတွေ အတွက် “NO” လို့ ဖြေမှာ ဖြစ်ပါတယ်။ မှားယွင်းစွာ အသုံးပြုသူ တွေကလည်း အများအပြား ရှိနေတော့ အာဏာကို “ညစ်ပတ်” တဲ့ အရာလို့ စွဲထင် သူတွေလည်း ရှိကြတာ မဆန်းပါဘူး။ လွှမ်းမိုးမှုဟာ ပါဝါရဲ့  အစပျိုးဖြစ်တာ သတိထားရင် တွေ့နိုင်ပါတယ်။

ခေါင်းဆောင်မှုနဲ့ သြဇာအာဏာ

ခေါင်းဆောင်တိုင်းဟာ သွယ်ဝိုက်၍ပဲ ဖြစ်ဖြစ်၊ တိုက်ရိုက်ဘဲ ဖြစ်ဖြစ် သြဇာ အာဏာ ရှိမှာ ဖြစ်ပါတယ်။ ဒါမှလည်း ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လို အာဏာမျိုးကို အခြေခံ ရယူသလဲ ဆိုတာ လေ့လာစရာ ရှိလာပါတယ်။

ပါဝါ အယူအဆ

အများရဲ့  အမူအကျင့်နဲ့ အတွေးအခေါ်တွေကို ပြောင်းလဲ ပစ်နိုင်စွမ်းရှိတဲ့ အရည်အချင်းကို ပါဝါလို့ ယေဘုယျ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။

  • Power is not power Over others.
  • Power is ability to Get Things Done.

ပါဝါ ဆိုတာ အများကို တစ်ဖက်သတ် လွှမ်းမိုးတဲ့ အာဏာ မဟုတ်ပါ။

ပါဝါဆိုတာ အရာရာ အလုပ် ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းသာ ဖြစ်ပါတယ်။

ပါဝါ အရင်းအမြစ်

သြဇာ နဲ့ လွှမ်းမိုးမှု အတွက် ပါဝါ ဆိုတဲ့ အာဏာ ရှိရပါတယ်။ ထိန်းချုပ်နိုင်မှု၊ လွှမ်းမိုးနိုင်သော အဆုံးအဖြတ်တွေဟာ ခေါင်းဆောင်နဲ့ ဆက်နွယ် ရစ်ပတ်နေပါတယ်။ အင်အား သုံးရပ်ပေါ် မူတည်တယ်လို့ Dale E Zand (1977) က ပြောခဲ့ပါတယ်။ ထိရောက်တဲ့ ခေါင်းဆောင်တွေဟာ ပါဝါကို သင့်လျော်သလို သုံးစွဲနိုင်တယ်၊ ဘယ်အချိန်မှာ ဘယ်လို ညွှန်ကြားရမလဲ ဆိုတာ သိတယ်၊ နောက် ပါဝါကို ဘယ်လို ဖြန့်ဝေပေးရမယ် ဆိုတဲ့ အင်အား သုံးရပ်ပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အကြံဥာဏ် ရယူခြင်း၊ အမိန့်ပေးခြင်း အစား လမ်းညွှန်ခြင်းကိုလည်း ကောင်းကောင်း သဘောပေါက် ပါတယ်။ ခေါင်းဆောင် တစ်ဦး ဖြစ်လာရင် ဘယ်သူမှ အားလုံးကို မသိနိုင် တော့ပါဘူး။ ဌာနဆိုင်ရာ အကြီးအကဲတွေကသာ ဆိုင်ရာ လုပ်ငန်းအပေါ် အာရုံ ပြုနိုင်မှာ ဖြစ်ပြီး သူတို့ ဆီက မူဝါဒ ချမှတ်နိုင်အောင်လို့ အကြံဥာဏ် ရယူရမှာ ဖြစ်ပါတယ်။ အမှားအယွင်း နည်းအောင် သီးခြားကျွမ်းကျင်သူ အကြံပေး အဖွဲ့ကို တချို့ ခေါင်းဆောင်တွေ ထားလေ့ ရှိကြပါ သေးတယ်။

ခေါင်းဆောင်ဟာ ကိုယ့်မှာ ရှိတဲ့ ပါဝါ အမျိုးအစား၊ ယန္တရားရဲ့  လည်ပတ်ပုံ၊ ပါဝါရဲ့  အရင်းအမြစ်ကို သေသေချာချာ သိထားဖို့ လိုပါမယ်။ ပါဝါ ခုနှစ်မျိုး ရှိတယ်လို့ ယေဘုယျ သတ်မှတ်ထားပါတယ်။

  1. Position Power
  2. Personal Power
  3. Power stemming from ownership
  4. Power stemming from providing resources
  5. Power derived from capitalizing upon opportunity
  6. Power stemming from managing critical problems
  7. Power stemming from being close to power

သြဇာ အာဏာ လားရာ လမ်းကြောင်း ငါးခုကို အောက်ပါ အတိုင်း ယေဘုယျ ဖွင့်ဆိုပါတယ် -

  1. Reward Power
  2. Coercive Power
  3. Legitimate Power
  4. Expert Power
  5. Referent Power

Reward Power

လူတစ်ဦးက အရည်အချင်း ပြည့်မီလို့ ဖြစ်စေ၊ တော်လို့ ဖြစ်စေ၊ တခြား အကြောင်းတခုခု ကြောင့် ဖြစ်စေ၊ သူ့ လုပ်ဆောင်ချက်ကို တုန့်ပြန်တဲ့ အနေနဲ့ ဆုလာဘ်၊ ဒါမှမဟုတ် ဂုဏ်ပြုလို့ ပေးအပ်တဲ့ ပါဝါ ဖြစ်ပါတယ်။ အမြင့်ဆုံး နိုင်ငံ အဆင့်မှာ ၀န်ကြီးချုပ် ဦးဆောင်ပြီး သမ္မတ အမည်ခံသူတို့ကို ပေးတဲ့ ပါဝါဟာလည်း Reward Power ထဲမှာ ပါဝင်ပါတယ်။

ခေါင်းဆောင်တစ်ဦးရဲ့  အရည်အချင်းအရ တုန့်ပြန်မှုက ရရှိတဲ့ အာဏာ ဖြစ်ပါတယ်။ ဘုရင့်နောင် မင်းတရားကြီး စွမ်းစွမ်းတမံ ရှိတော့ သူ့ရဲ့  သြဇာဟာ ရှင်ဘုရင် ဖြစ်တဲ့ တပင် ရွှေထီးထက်တောင် ပိုလာသေးတာ သမိုင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ထက်မြက်တဲ့ ဆင်ဖြူရှင်ကိုလည်း မေ့ထားလို့ မရပါ။ Reward Power မှာ အဆင့်၊ ရာထူးကို အမှီသဟဲ မပြုတော့ပါဘူး။ အရည်အချင်းပေါ် မူတည်တဲ့ အတွက်ကြောင့် တော်ရင် တော်သလို ရနိုင်တယ် ဆိုတာ တွေ့နိုင်ပါတယ်။ သည်နေ့ ဈေးကွက်စီးပွားရေးမှာ အငယ်တန်း မန်နေဂျာတွေ ထူးချွန်တဲ့အခါ အချိန်မရွေး ရနိုင်တဲ့ သြဇာ၊ အာဏာမျိုး ဖြစ်ပါတယ်။

Coercive Power

Coercive Power ကတော့ ကြောက်ရွံ့မှု အပေါ် အခြေခံ ပါတယ်။ အမိန့် စည်းကမ်းလိုက်နာမှု မရှိသူတွေအတွက် ပြစ်ဒဏ်အနေနဲ့ ပေးရင်း ရလာတတ်တဲ့ ပါဝါအမျိုးအစား ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အသုံးဝင်ပြီး ပါးနပ်တဲ့ ခေါင်းဆောင်တွေ သုံးလေ့သုံးထ ရှိပါတယ်။ အရေးယူ အပြစ်ပေးရင်း တဖြည်းဖြည်း တက်လာတဲ့ အာဏာမျိုးဖြစ်လို့ လုပ်နိုင်ပါလား၊ လုပ်ပိုင် ခွင့် ရှိပါလားလို့ သတိမူ မိလာရာကနေ အလိုလို ဖြစ်လာတဲ့ အာဏာမျိုးပါ။ သည်လို အဖြစ်မျိုးကနေ တည်ဆောက်ယူလို့ ရပါလား လို့ သိတဲ့ ခေါင်းဆောင် တချို့  အသုံးပြုတတ်တဲ့ အာဏာမျိုးလည်း ဖြစ်ပါတယ်။ ဟစ်တလာ ခေတ်တုန်းက သူ့ရဲ့  နာဇီ ထောက်လှမ်းရေး အကြီးအကဲ ရလာတဲ့ အာဏာမျိုး ဖြစ်ပါတယ်။ မထင်ရင် မထင်သလို အပြစ်ပေးတတ်တဲ့၊ သီပေါမင်းရဲ့  မိဖုရား စုဖုရားလတ် ရလာတဲ့ အာဏာမျိုးလည်း ဖြစ်ပါတယ်။

Legitimate Power

Legitimate Power ကတော့ အင်အား အရှိဆုံးနဲ့ ၀ိဝါဒ ကွဲပြားမှု အနည်းဆုံး ပါဝါ ဖြစ်ပါတယ်။

Expert Power

Expert Power ဆိုတဲ့ ကျွမ်းကျင်မှု အခြေခံ ပါဝါက သူ့ရဲ့  အထူးပြု ပညာ (Specialized Knowledge)၊ ကျွမ်းကျင်မှု (Skill) နဲ့ ဆောင်ရွက်နိုင်မှု (Ability) တွေက တဆင့် အများကို သြဇာ သက်ရောက် စေပါတယ်။ ကျွမ်းကျင်မှု၊ အတတ်ပညာ ထူးချွန်မှုပေါ် အခြေခံပြီး ရလာတဲ့ အာဏာမျိုး ဖြစ်ပါတယ်။ စီးပွားရေး မျက်နှာစာမှာ ရှိတတ်ပေမဲ့ နိုင်ငံရေး မျက်နှာစာမှာ မတွေ့ရ တတ်သလောက် ဖြစ်ပါတယ်။ Apple က Steve Job တို့ Iaacocca တို့မှာ ရှိတဲ့ အာဏာမျိုး ဖြစ်ပါတယ်။ Steve Job ဆိုရင် အမြဲတမ်း တီထွင် ဆန်းသစ်နိုင်တယ်၊ ဈေးကွက်ပေါက်တဲ့ ထုတ်ကုန်မျိုး ထုတ်နိုင်တယ်လို့ တွဲပြီး သိတတ်ကြပါတယ်။ Renault နဲ့ Nissan မော်တော်ကား ကုမ္ပဏီတွေရဲ့  CEO ဖြစ်တဲ့ Carlos Ghson ဆိုရင်လည်း ကုန်ကျငွေ ဖြတ်တောက်မှု၊ ထုတ်ကုန် စွမ်းရည် မြှင့်တင်မှုမှာ ဂုရုကြီး ဆိုပြီး အများက လက်ခံထားကြပါတယ်။ သူတို့ လောကမှာ သူမတူအောင် သြဇာ အာဏာ ရှိကြသူတွေပါ။ ကျွမ်းကျင်မှု၊ ထူးချွန်မှု အပေါ် အခြေခံပြီး ရလဲာ့ အာဏာဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

Referent Power

နောက်လိုက်တွေက ပုဂ္ဂိုလ်ရေး ယုံကြည်ချက်၊ ကိုးစားမှု အရ ပေးအပ်လို့ ရလာတဲ့ အာဏာမျိုးပါ၊ ခေါင်းဆောင်ရဲ့  အဆင့်အတန်းကိုလည်း အများက သတ်မှတ်ပေးအပ်လေ့ ရှိပါတယ်။ Charismatic Leaders တွေ ရတတ်တဲ့ အာဏာမျိုး ဖြစ်ပါတယ်။ လုပ်ရည်ကိုင်ရည်ထက် ပုဂ္ဂိုလ်ရေးအရ ချစ်ခင်နှစ်သက်မှု၊ မြတ်နိုး ယုံကြည်မှုတွေ အပေါ် ပိုပြီး အလေးသာပါတယ်။ ဖိလစ်ပိုင် သမ္မတ မားကို့စ် နောက်ပိုင်း သမ္မတ ဖြစ်လာတဲ့ ကိုရာဇန် အကီနို ရရှိတဲ့ အာဏာမျိုး ဖြစ်ပါတယ်။ မားကို့စ်ကို စိတ်ပျက်လွန်းတဲ့ ပြည်သူတွေက လင်သား လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အကီနိုကို ၀ိုင်းပုံအော ဂရုဏာသက်ရင်း အများက သမ္မတ အဖြစ် တင်မြှောက်ခံရတဲ့အထိ ဖြစ်ရတဲ့ ရလဒ်ဟာ Referent Power ပေါ် အခြေခံ ပါတယ်။

Information Power ကတော့ သတင်း အချက်အလက်အပေါ် အခြေခံပြီး အဲဒီ အပေါ် အသုံးချမှုနဲ့ ရလာတဲ့ ပါဝါ ဖြစ်ပါတယ်။

Prestige Power ကတော့ လူတစ်ဦးရဲ့  Status ဆိုတဲ့ အခြေအနေ၊ Reputation ဆိုတဲ့ ဂုဏ်သိက္ခာတွေက ထွက်ပေါ်လာတာပါ။

Power base

Followers