ပညာ အခြေခံ စီမံခန့်ခွဲမှု
Knowledge Management
Knowledge is knowing
What to do right things through experiences and education.
The vital organs of organization with three skills,
Technical, human, and conceptual skills.
စီမံခန့်ခွဲမှုကို Management လို့ ပြောကြပါတယ်။ အဲဒီစီမံခန့်ခွဲမှုမှာ အရိုးစင်းဆုံး အနေနဲ့ အပိုင်းလေးပိုင်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ -
- Planning
- Organizing
- Leading
- Controlling ဆိုပြီး ဖြစ်ပါတယ်။
Planning ဟာ စ်ီမံကိန်း ရေးဆွဲချမှတ်တာဖြစ်ပြီး ရည်ရွယ်ချက်၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စတာတွေကို အသေးစိတ်ရေးဆွဲရပါတယ်။
Organizing မှာ ဘာတွေလုပ်မယ် ၊ ဘယ်သူတွေကလုပ်မယ် စတာတွေကို စုဖွဲ့ပါတယ်။
Leading ပိုင်းမှာ ပါဝင်မယ့်သူတွေကို Motivate လုပ်တာတို့၊ ညွှန်ကြားတာတို့ ဆက်သွယ်ရေးလမ်းကြောင်း ချမှတ်တာတို့ ၀ိရောဓိတွေ ဖြေရှင်းတာတို့ လုပ်လေ့ရှိ ပါတယ်။
Controlling ပိုင်းမှာ ဆောင်ရွက်မှုတွေကို ထိန်းသိမ်း၊ ညွှန်ကြားတာတွေ၊ စီမံကိန်း အသေးစိတ် အကောင်အထည်ဖော်မှုတွေ လွဲမှားတာတွေပြန်ပြီး တည့်မတ်တာတွေ လုပ်ပါတယ်။
Management skill ကို အကြမ်းဖျင်း သုံးမျိုးခွဲခြားထားပါတယ်။ အဲဒါတွေကတော့-
- Technical Skill
- Human Skill
- Conceptual Skill ဆိုပြီး ဖြစ်ပါတယ်။
Technical Skill ကတော့ အထူးကျွမ်းကျင်တဲ့ပညာ နည်းပညာအသုံးချမှုပိုင်းပါ။ (Low level manager)
Human Skill ကတော့ အဖွဲ့အစည်းက လူတွေနဲ့အတူ လုပ်ကိုင်နိုင်မှု ၊ နားလည်မှု လှုံ့ဆော်နိုင်စွမ်းစတာတွေ ဖြစ်ပါတယ်။ (mid level manager)
Conceptual Skill ကတော့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်ပြီး ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေတွေမှာ ပြသနာကို ခွဲခြမ်းစိတ်ဖြာအဖြေရှာနိုင်မှု ဖြစ်ပါတယ်။ (high level manager)
ဆောင်ရွက်နိုင်မှု၊ စွမ်းဆောင်နိုင်မှု ဆိုတဲ့ Ability ဟာ တစ်ဦးချင်းမှာရှိတဲ့ အရည်အချင်းဖြစ်ပါတယ်။ ပေးတဲ့တာဝန်ကို ပြီးမြောက်အောင်၊ အမှားအယွင်း မပါအောင် လုပ်နိုင်တာဟာ Ability ပဲဖြစ်ပါတယ်။
Intellectual Ability ဆိုတာက လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ စိတ်ပိုင်းဆိုင် ရာ အရည်အချင်း ဖြစ်ပါတယ်။
Multiple Intelligence ဆိုတာကတော့ Cognitive, Social, Emotional နဲ့ Cultural တွေ ပေါင်းစည်းထားတဲ့ အရည်အချင်း ဖြစ်ပါတယ်။ သည်နေ့ခေါင်းဆောင်တွေ မှာ အဲဒီအရည်အချင်းတွေ ပါဝင်ပါတယ်။ တစ်ခုကောင်း ၊ တစ်ပိုင်းကောင်းနဲ့ ခေါင်းဆောင် မှု ပီပြင်တဲ့အချိန် မဟုတ်တော့ပါဘူး။
ပညာ
ပညာ (Knowledge) ကို သိပ္ပံပညာရှင်ကြီး Albert Einstein က
Knowing what to do right things through experiences and education လို့ တိုတိုတုတ်တုတ်နဲ့ ထိထိရောက်ရောက် ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ပညာဆိုတာ Education ဆိုတဲ့ အတတ်ပညာနဲ့ အတွေ့အကြုံ (Experience) တွေက ထွက်ပေါ်လာပြီး အမှန်တွေကို ရွေးချယ် လုပ်ကိုင်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ထင်ရှားအောင် သူက ထပ်ပြောပါသေးတယ်။
Knowledge is not information. Knowledge is experience, everything else is information.
ပညာဆိုတာ သတင်းအချက်အလက် (Information) မဟုတ်ပါဘူး။ အတွေ့အကြုံ သာဖြစ်ပါတယ်။ ကျန်တာတွေအားလုံးက သတင်း အချက်အလက် ဖြစ်ပါတယ်။ သည်နေရာမှာ အတွေ့အကြုံဆိုတာ အသက်ကြီးသူတိုင်း ရကြတာမဟုတ်ပါဘူး။ အတွေ့အကြုံပေါ်က ထုတ်နုတ်ရယူထားတဲ့ ပညာကိုသာ ဆိုလိုတာပါ။ တချို့အသက်ကြီးပေမယ့် ပြော စမှတ်ပြုလောက်တဲ့ အတွေ့အကြုံ ရရှိခဲ့ကြသူတွေ မဟုတ်ဘူး ဆိုတာသတိထား ကြည့်ရင် တွေ့မှာပါ။
အသက်ငယ်ငယ်နဲ့ တာဝန်ကြီးကြီးထမ်းဆောင်ခဲ့ရသူတွေ လေ့လာမှုရှိသူတွေမှာ အဲဒီ ပညာက ပွားများနေပါတယ်။ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ် ရောက်ဖူး သူတချို့ရှိပါတယ်။ တချို့ဆို ၀မ်းနည်းစရာကောင်းတာက Shopping ထက်မပိုဘူး။ ဘာမှမသိဘူး။ ရောက်ဖူးတဲ့ အတွေ့အကြုံနဲ့ ညီမျှတဲ့ ပညာကို မရကြဘူးဆိုတာကို ပြောချင် တာပါ။
ပညာအခြေခံစီမံခန့်ခွဲမှု
KM ဆိုတဲ့ Knowledge Management (ပညာအခြေခံစီမံခန့်ခွဲမှု) ဟာ ဒီကနေ့မှာ မရှိမဖြစ် ကျင့်သုံးရတဲ့ စီမံခန့်ခွဲမှုဖြစ်နေပါပြီ။ ပညာမျှဝေ ဖလှယ်တဲ့ ယဉ်ကျေးမှုကို ထွန်းကားစေပြီး အဖွဲ့အစည်းတစ်ခုလုံး ပညာအခြေခံစေတာ ဖြစ်ပါတယ်။
ကမ္ဘာကျော် Xerox Corporation ကြီးဟာ KM မှာ ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပါတယ်။ဖောက်သည်တွေကိုလည်း ပညာအသိ တိုးပွားစေတယ်၊ အဖွဲ့အစည်းအတွင်းမှာလည်း ပညာအသိတိုးပွားစေတယ်၊ ပညာနဲ့စပ်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ထုတ်လုပ်ပြီး ၀န်ဆောင်မှုမှာတောင် ပညာထည့်သွင်းခဲ့တဲ့ အဖွဲ့ အစည်းကြီးတစ်ခု ဖြစ်ပါတယ်။
Xerox ရဲ့မဟာဗျူဟာက ပညာရယူခြင်း၊ ပညာစံနှုန်းမြှင့်တင်ခြင်းနဲ့ တန်ဖိုးကို ဖော်ဆောင်ပါတယ်။ Xerox ရဲ့ ရှေ့ပိုင်းနှစ်တွေ အရှုံးပေါ်တာဟာ နည်းပညာတွေ မဖော်ဆောင်နိုင်တာကြောင့် ဖြစ်ပါတယ်။ တချို့နည်းပညာအသစ်တွေကို တီထွင်နိုင်ပေမယ့် အသုံးချတဲ့အဆင့်ကို ရောက်အောင် မလုပ်နိုင် တာကြောင့် ဖြစ်ပါတယ်။ ဥပမာ Xerox ကတီထွင်ခဲ့တဲ့ Mouse နဲ့ Pull-down menus စနစ်တွေကို Apple က စီးပွားရေးအဆင့် အသုံးချသွားခဲ့တာမျိုးပါ