Thursday, June 11, 2009

ခေါင်ဆောင် - အပိုင်း (၁၁)

ရောထွေး မှားယွင်းနိုင်တဲ့ (၃) မျိုး

လူတွေကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရင် -

  1. Creative People
  2. Innovators
  3. Entrepreneurs ဆိုပြီး (၃) မျိုး တွေ့နိုင်ပါတယ်။

Creative People တွေက အတွေးအခေါ် ဖန်တီး (Generates new ideas) သူတွေပါ။ Innovators တွေကတော့ ဖွံ့ဖြိုးတိုးတက် (Develops new ideas) အောင် ကြံဆောင်ပါတယ်။ Entrepreneurs တွေကတော့ ထွက်ပေါ်လာတဲ့ ရလဒ်တွေ ထုတ်ကုန်တွေကို ဈေးကွက် ဖေါ်ဆောင်ပါတယ်။ ဈေးကွက်မဟုတ်ရင် လုပ်ထုံးလုပ်နည်း အသစ်တွေကို ကျင့်သုံးပါတယ်။

ဒီနေ့ တော်တော်များများ စကားပြောကြည့်တဲ့အခါမှာ ဖော်ပြပါ လူ (၃) မျိုးကို အရောရော အထွေးထွေး မှတ်သားခံယူမှု မှားနေတာ သတိပြုမိပါတယ်။ Creative People က တီထွင် ဆန်းသစ်သူပါ။ Innovators က မွန်းမံပြင်ဆင်သူဖြစ်ပြီး Entrepreneurs ဆိုတာက ကျင့်ထုံးနဲ့ အလေ့အကျင့်တွေကို အစဦး ဖော်ဆောင်သူ ဖြစ်ကြပါတယ်။ လူ တစ်ဦးတည်းကလည်း အဲဒီ အရည်အချင်း (၃) မျိုးလုံး ရှိနိုင်ပါတယ်။

Harvard University မှ David Perking က Creative Personality ဆိုတဲ့ တီထွင်ဖန်တီး နိုင်မှု ကိုယ်ရည်ကိုယ်သွေးနဲ့ လက္ခဏာတွေကို အချက် (၆) ချက်နဲ့ မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒါတွေကတော့ -

  • ပြင်းထန်တဲ့ တီထွင်ဖန်တီးမှု စိတ် ရှိတယ်၊
  • ပြဿနာ တစ်ရပ်အတွက် ထိရောက်တဲ့ အတွေးအခေါ် အယူအဆနဲ့ ပြဿနာ အရင်းအမြစ်ကို ဖော်ထုတ်နိုင်တဲ့ မေးခွန်းရှိတယ်။
  • ဆန်းသစ်တဲ့ ချဉ်းကပ်မှု လမ်းကြောင်းရှိတယ်၊ ပြဿနာကို ခြုံငုံ မြင်နိုင်တယ်၊ ဆန့်ကျင်ဘက်ကလည်း တွေးတောနိုင်စွမ်းရှိတယ်၊
  • စွန့်စားမှု ရယူဖို့လည်း အဆင်သင့် ဖြစ်နေတတ်တယ်၊ ဆုံးရှုံးမှုအတွက် တာဝန် ယူလိုစိတ်နဲ့ သင်ခန်းစာ ယူလိုစိတ်လည်း အပြည့်ရှိကြတယ်၊
  • ဝေဖန်မှုကို ကြိုဆိုသူများ ဖြစ်တယ်။
  • တာဝန်နဲ့ ကတိကို ခံယူ ပေးရဲသူများ ဖြစ်တယ်၊ ငွေကြေး အမြတ်အစွန်းထက် တီထွင်ဆန်းသစ်နိုင်မှု အပေါ်မှာ ပျော်မွေ့တယ်၊ စိန်ခေါ်မှုတွေကိုလည်း အပြုံးနဲ့ ရင်ဆိုင်ရဲတယ်။

Creative thinking အပြင် Imaginative thinking၊ Critical thinking နဲ့ Evaluative thinking ဆိုပြီး ရှိပါသေးတယ်။ အတိုပြောရရင် Imaginative thinker တွေက ချဲ့ ထွင် တွေးခေါ်မှု (Expansive)၊ သမာရိုးကျ ခွဲထွက်နိုင်မှု (Divergence) နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်မှု ဆိုတဲ့ အရည်အသွေးတွေ ရှိပါတယ်။ Evaluative thinking ကတော့ ဆန့်ကျင်ဘက် သဘော (Convergent) ဆောင်ပါတယ်။ နည်းပညာက Divergent thinker တွေကို Brain storming နဲ့ Lateral thinking တွေ အတွက် အားပေးပါတယ်။ တခု သတိထားသင့်တာက Idea ရအောင် Brain storming (ဦးနှောက် အလုပ်ပေးမှု) ကို လုပ်ရပါတယ်။ Lateral thinking ဆိုတဲ့ ဖောက်ထွက် တွေးနည်းကို လေ့ကျင့်ရပါတယ်။ မြန်မာ တော်တော်များများဟာ ကာယပင်ပန်းမှုကို မကြောက်ကြပေမဲ့ ဥာဏ အသုံးချမှုကိုတော့ စိုးရွံ့ကြတာ သတိထားမိပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။

တီထွင်ဆန်းသစ်မှုကို ဖွံ့ဖြိုးအောင် လုပ်ပါ

Creativity ကို တိုးတက်အောင် Develop လုပ်ဖို့ လိုအပ်ပါတယ်။ ခြုံငုံ သုံးသပ်ကြည့်ရင် အဲဒီ Creativity ဆိုတာ “ပိုနေမြဲ၊ ကြားနေမြဲ” မဟုတ်ပါဘူး။ ကန့်သတ်ချက် စည်းတွေကို လက်ခံတာလည်း မဟုတ်ပါဘူး။ အနာဂါတ်အတွက် ကြိုတင် ပြင်ဆင်နေတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ Creativity ကို ပြုစု ပျိုးထောင်ဖို့ လိုသလို သင်းသတ်သလို ဖြစ်မသွားဖို့လည်း အရေးကြီးလှပါတယ်။ Killer of Creativity အတွက် ရှောင်ရှားဖို့က

  • We’ve tried that before - it did not work
  • It will not travel
  • There are too many complications
  • Competitors will copy our ideas quickly
  • Yes, but…..

ဘာကို အဓိက တွေ့ရမလဲဆိုရင် အပြုသဘော မဆောင်တဲ့ အတွေး၊ ဆင်ခြေ၊ အင်အား မရှိမှု တွေက တီထွင်ဆန်းသစ်မှုရဲ့  ရန်သူတွေ ဖြစ်တာကို တွေ့နိုင်ပါတယ်။ “လုပ်ခဲ့ဖူးတယ်၊ အလုပ် မဖြစ်ဘူး”၊ “အဲဒီ အလုပ်က ရှုပ်ထွေး လွန်းလို့”၊ “ယှဉ်ပြိုင်သူတွေ လျင်မြန်လွယ်ကူစွာ ကူးယူနိုင်တယ်၊” အားလုံးဟာ Negative ကို ရှေးရှုနေတဲ့ အတွေးအခေါ်တွေဘဲ ဖြစ်ကြပါတယ်။ အပြုသဘော ဆောင်တဲ့ အတွေးအခေါ်၊ အယူအဆနဲ့ သတ္တိတွေက တီထွင်ဖန်တီးမှုရဲ့  မိတ်ဆွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် အခြေခံ တွန်းအား ဖြစ်ပါတယ်။

တွေးခေါ်မှုနဲ့ လေ့လာ သင်ယူမှု

ကျောင်းသင် ပညာရေး စနစ်နဲ့ လုပ်ငန်းခွင်တွေဟာ ဓမ္မဓိဌာန် ကျမှု၊ ကျိုးကြောင်း ဆီလျော်မှုနဲ့ မလွတ်ကင်းအောင် တွန်းအားပေး အသိ ဖြစ်စေပါတယ်။ ပြီးတော့ အကောင်းဆုံး အဖြေတစ်ခု ရအောင် ကြိုးစားနိုင်မှု အတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။ တွေးခေါ်မှု thinking နဲ့ လေ့လာသင်ယူမှု Learning တွေဟာ တခုနဲ့ တခု ခေါင်းနဲ့ ပန်း လို ဆက်စပ်နေပါတယ်။ လေ့လာ သင်ယူတာကြောင့် တွေးခေါ်နိုင်တယ်၊ တွေးခေါ်နိုင်လို့ Idea အသစ်တွေ ထုတ်နိုင်တယ်၊ မရပ်မနား ကမ္ဘာကြီးကြောင့် ထပ်ပြီး သင်ယူလေ့လာရပြန်ပါတယ်။ သံသရာ စက်ဝန်းလို ဖြစ်ပါတယ်။ အချက် (၄) ချက် အပေါ်မှာ တည်မှီပါတယ်။

  • Relies on logic
  • aims to come up with only a few answers
  • it is convergent
  • it is vertical

လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ ပညာရေး စနစ်ဟာ တွေးခေါ်မှုနဲ့ ဓမ္မဓိဌာန် ကျကျ သင်ယူ စေမှုမျိုး မတွေ့ရဘဲ အလွတ်ကျက်ပြီး ဆရာမကို မေးခွန်းတောင်းကာ လက်ဆောင်ပေးတာမျိုးနဲ့ ကမ္ဘာ့အလယ်မှာ ခေတ်နောက်ကျနေတာကို ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဆရာ နေဇင်လတ် ပြောသလို thinking နဲ့ learning ကို ခေါင်းနဲ့ ပန်းလို စဉ်းစားတွေးခေါ် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျား။

Followers