ဘရိမ်းဒရိမ်း၊ ဘရိန်းဂိမ်း နဲ့ ဘရိန်းပိန်း
အဖွဲ့အစည်းနဲ့ နိုင်ငံတော်တော်များများမှာကို Brain Drain နဲ့ Brain Gain ကို ရင်ဆိုင်နေကြရပါတယ်။ လူတော်တွေကို စည်းရုံးခေါ်ဆောင်တဲ့အခါ ပေးလိုက်ရတဲ့ နိုင်ပွဲ Brain Drain ဖြစ်သွားပါတယ်။ မြန်မာလိုမှာ ဦးနှောက် ယိုစီးမှု ဖြစ်ပါတယ်။ လူတော်တွေ ရလိုက်တဲ့ နိုင်ပွဲကတော့ Brain Gain ဆိုတဲ့ အမြတ်ထွက်သွားပါတယ်။
Organization တွေမှာ ဦးဆောင်သူတွေ ပျော့လာရင် နောက်လိုက်တွေ ပျော့တတ်ပြီး ဦးဆောင်သူတွေ တော်ရင်၊ နောက်လိုက်တွေ မတော်ရင်တောင်မှ သိပ်အညံ့ကြီးတော့ မဟုတ်ကြတော့ပါဘူး၊ ဦးဆောင်သူ ဆိုတဲ့နေရာမှာ အနီးကပ်ဆုံး ဆရာဖြစ်တဲ့ Immediate Boss က ၀န်ထမ်းတွေကို ဦးဆောင်မှုကောင်း မပေးရင် Brain Pain ဖြစ်လာ ပါတော့တယ်။
Brain Gain, Brain Drain ဆိုတာက ကူးစက်ပြန့်ပွားမှုမရှိဘဲ Brain Pain က ပတ်ဝန်းကျင်ကို ကူးစက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ငန်း ၀န်းကျင်မှာ ကိုယ့်အသိနဲ့ကိုယ် လုပ်နိုင်တဲ့ Culture ရှိဖို့ လိုအပ်လာပါပြီ။ အဲဒါက Capacity Building ထက်ပိုအရေးကြီးတာက Institutional Building ဖြစ်ပါတယ်။ Institution Support မရလို့ ရှိရင် Capacity Building က လုပ်မရပါဘူး။
မဟာဗျူဟာ
ကျွန်တော်တို့ “မဟာဗျူဟာ” (Strategy) ဆိုတဲ့ စကားလုံးကို မကြာခဏ အသုံးပြုလေ့ ရှိကြပါတယ်။ “ ရိုးရိုးစင်းစင်း မဟုတ်ဘဲ ရှုပ်ထွေးနက်နဲတယ်” ဆိုတာထက် ပိုပြီးသိတဲ့သူ နည်းတယ် လို့ သတိထားမိပါတယ်။ အမေရိကန်သမ္မတ ကနေဒီ ရေးတဲ့ 1000 days in White House ကို ဖတ်ကြည့်ရင် အမေရိကန်ရဲ့ မဟာဗျူဟာ ကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၆၀ ၀န်းကျင်က ထွက်ခဲ့တဲ့ စာအုပ်ပါ။ Alfred Chandler ရဲ့ ၁၉၆၂ မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် Strategy and Structure မှာ “ The setting of long-term goals and objectives ” ဆိုပြီး မဟာဗျူဟာကို အရိုးစင်းဆုံး အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။
မဟာဗျူဟာဆိုတဲ့ စကားလုံးဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အတော်ခေတ်စား လာခဲ့ပါတယ်။ Igor Ansoff ကို မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုရဲ့ ဖခင်ကြီးလို့ အားလုံး အသိအမှတ်ပြုထားကြပါတယ်။ မဟာဗျူဟာရဲ့ အကျိုးကျေးဇူး ဘယ်လောက်များသလဲ ဆိုတာ ဂျပန်ပြည်တိုးတက်မှုကို ရေးသားခဲ့တဲ့ Ohame ရဲ့ စာအုပ်ဖြစ်တဲ့ The Mind of the Strategist; The Art of Japanese Business ဟာ ကမ္ဘာကျော်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော် သဘောကျတဲ့ စာရေးဆရာဖြစ်ပြီး ရဲရဲတွေး ရဲရဲရေးတတ်တဲ့ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။
မဟာဗျူဟာ ချတတ်ဖို့ဆိုရင် မဟာဗျူဟာကျကျ တွေးတတ်ဖို့ လိုအပ်လာပါတယ်။ Strategic Thinking လို့ ပြောကြပါတယ်။ ခေါင်းဆောင်ကောင်းတွေမှာ ရှိရမယ့် အရေးကြီးတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ Mintzberg က မေးခွန်းတစ်ခု ထုတ်ပေးခဲ့ပါတယ်။
May be we think too much and see too little. What , then, does strategic seeing mean?”
Strategic thinking ကို Henry Mintzberg က အထက်ပါ ရှုမြင်မှု အားလုံး ပါဝင်တဲ့ တွေးဆမှုကိုသာ မဟာဗျူဟာတွေးနည်းလို့ သူ့အယူအဆကို ဖော်ထုတ်ခဲ့ ပါတယ်။
မဟာဗျူဟာဖြင့် စီမံခန့်ခွဲခြင်း
အခြေခံ အကျဆုံးနဲ့ အရိုးစင်းဆုံးထဲက မဟာဗျူဟာကိုသာ တင်ပြပေးမှာ ဖြစ်ပါတယ်။ အဆင့် သုံးဆင့် ရှိပါတယ်။
1. Strategy Formulation
* Vision & Mission
* Opportunities & Threats
* Strengths & Weaknesses
* Long – term Objectives
* Alternative Strategies
* Strategy Selection
2. Strategy Implementation
* Annual Objective
* Policies
* Employee Motivation
* Resource Allocation
3. Strategy Evaluation
* Internal Review
* External Review
* Performance Measure
* Corrective Action ဆိုပြီး ရှိပါတယ်။
Strategic Formulation ဆိုတဲ့ မဟာဗျူဟာ တည်ဆောက်တဲ့အခါမှာ များသော အားဖြင့် Vision နဲ့ Mission ဆိုတဲ့ အနာဂတ်အမြင်နဲ့ ရည်မှန်းချက်ကို မြန်မာ တော်တော်များများ ထည့်သွင်းမှု အားနည်းတတ်လေ့ ရှိပါတယ်။ Vision ကို ရိုးရိုး အမြင်ထက် အနာဂတ်အမြင် လို့ ကျွန်တော်သုံးလိုပါတယ်။ Opportunities & Threats ကတော့ ပြင်ပသက်ရောက်မှုနဲ့ ဆိုင်ပါတယ်။ အခွင့်အလမ်းတွေ ဘယ်လောက်ရှိတယ်၊ အန္တရာယ်နဲ့ အခက်အခဲ ခြိမ်းခြောက်မှုတွေ ဘယ်လောက်ရှိတယ် ဆိုတာလည်း သိထားရပါ့မယ်။ Strength & Weakness ကတော့ ကိုယ့်အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ အတွင်းကိစ္စရပ် ဖြစ်ပါတယ်။ ဦးဆောင်သူရဲ့စွမ်းရည်၊ အတတ်ပညာ၊ ငွေကြေးတောင့်တင်းမှု ဘယ်လောက် (အား) အဖြစ်ရှိတယ်၊ အားနည်းချက် ရှိတယ် ဆိုတာကို လေ့လာရမဲ့ အပိုင်း ဖြစ်ပါတယ်။
Long-term Objective ကတော့ ရှင်းပါတယ်။ ရေရှည် ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ဆယ်နှစ်ကြာရင် ဘယ်လိုဖြစ်ရမယ်၊ ဘယ်အဆင့် ရောက်ရမယ် ဆိုတာ မျိုးပါ။ Alternative Strategy ဆိုတဲ့ အရန်မဟာဗျူဟာ ကလည်း ရှိရမယ့် ကိစ္စ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အခြေအနေ ရုတ်တရက် ပြောင်းသွားတဲ့ အခါ အခြေအနေနဲ့ လိုက်ဖက်ညီတဲ့ မဟာဗျူဟာမျိုး အစားထိုး အသုံးပြုရတတ်ပါတယ်။ ဒီအတွက် အရန် မဟာဗျူဟာ ဆိုတာ ထားရပါမယ်။
Strategy Selection ကတော့ မဟာဗျူဟာ အများကြီးထဲက ကိုယ်နဲ့ သင့်လျော်မယ့် မဟာဗျူဟာကို နောက်ဆုံးရွေးချယ်ခြင်း ဖြစ်ပါတယ်။ Spot Solution ဆိုတဲ့ တစ်ပွဲတိုးကို မရှိရဘူးလို့တော့ မပြောလိုပါ။ အမြဲသုံးကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ လုပ်ငန်းကြီး တစ်ခုလုံးကို ရေရှည်မှာ မှန်ကန်တဲ့ မဟာဗျူဟာနဲ့သာ သွားသင့်ပါတယ်။
Strategy Implementation ဆိုတဲ့ မဟာဗျူဟာ အကောင်အထည်ဖော်မှု အပိုင်းမှာ နှစ်စဉ် ရည်မှန်းချက် ရှိသင့်ပါတယ်။ ထက်မြက်တဲ့ ခေါင်းဆောင်တွေ ကျတော့ အဖွဲ့အစည်းအတွင်းမှာ ပညာဘယ်လောက် ဖြန့်ဖြူးထားနိုင်ပြီ ဆိုတာမျိုးမှာ ထည့်သွင်းကြရပါတယ်။ Policies ဆိုတဲ့ မူဝါဒကလည်း အရေးကြီးပါတယ်။ Employee Motivation က သည်ခေတ်မှာ တော်တော် အာရုံပြုလာကြတဲ့ ကိစ္စ ဖြစ်လာပါပြီ။ သုတေသနတွေအရ လှုံ့ဆော်မှု စိတ်ဓာတ်မြင့် နိုင်တဲ့ အချက် ဖြစ်ပါတယ်။ Resource Allocation ကလည်း အလွန်အရေးကြီးပါတယ်။ Human Resource ဆိုတဲ့ လူသားအရင်းအမြစ်နဲ့ Other Resources ဆိုပြီး ရှိပါတယ်။
Strategy Evaluation က မြန်မာတွေနဲ့ တော်တော်စိမ်းနေတယ်လို့ ယူဆ ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့တောင် မလုပ်ဖြစ်ကြပါဘူး။ Internal Review ဆိုတဲ့ အဖွဲ့အစည်းတွင်း ပြန်လည်သုံးသပ်မှု External Review ဆိုတဲ့ ပြင်ပနဲ့ဆိုင်ရာ သုံးသပ်မှု Performance Measure ဆိုတဲ့ စွမ်းရည် တိုင်းတာမှု ပြီးတော့ မှားနေရင် အားနည်းနေရင် ပြန်လည်ပြင်ဆင်ရတဲ့ Corrective Action ဆိုတာတွေ ရှိသင့်ပါတယ်။ သူတို့ တိုးတက်တာ ဒါတွေကို လိုက်နာဆောင်ရွက်ကြ လို့ဖြစ်တာ မငြင်းနိုင်ပါဘူး။ တကယ့်ခေါင်းဆောင်ကောင်းဖြစ်လိုရင် ကျွန်တော်တို့လည်း လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
သေသေချာချာ လေ့လာ မှတ်သားရင် ဘ၀ အတွက် အင်မတန် အသုံးဝင်မဲ့ လိုအပ်ချက်တွေပါ။ အားလုံး ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေ။
Wednesday, June 17, 2009
Tuesday, June 16, 2009
Subscribe to:
Posts (Atom)