ယုံကြည်မှု တည်ဆောက်ခြင်း
Building Trust
We can do without any trust.
ခေါင်းဆောင် အပိုင်း (၁၃) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ Building Trust ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်တွေမှာ Trust ဆိုတဲ့ ယုံကြည်မှုမရှိရင် ဘာမှ ရှေ့ဆက်လုပ်လို့ မရတော့ဘူး။ Foundation မပါဘဲ အိမ်ဆောက်သလို ဖြစ်နေပါမယ်။ ညှိနှိုင်းမှုရရင်တောင်မှ ယုံကြည်မှု မရှိရင် အလွယ်တကူပြန်ပြီး ပြိုပျက်သွားနိုင်ပါတယ်။ အဲဒီတော့ ယုံကြည်မှု (Trust) ဆိုတာကို အရင်လေ့လာသင့်ပါတယ်။
- ဖြောင့်မတ်မှန်ကန်မှု (Integrity)
- စွမ်းရည်ရှိမှု (Competency)
- တစ်သမတ်တည်းဖြစ်မှု (Consistency)
- သစ္စာရှိမှု (Loyalty)
- ပွင့်လင်းမှု (Openness)
အထက်ပါ (၅) ချက်မပြည့်စုံဘဲ ယုံကြည်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။
ယုံကြည်မှုတည်ဆောက်ဖို့ လုပ်ရမယ့် အချက်တွေက
- ပွင့်လင်းမှုကို အလေ့အကျင့်လုပ်ပါ။ (Practice Openness)
- မျှတမှုကို တိုးတက်ပါစေ။ (Promote Fairness)
- ခံစားမှုကို ဖော်ပြပါ။ (Express Feeling)
- ယုံကြည်မှုရှိပါ။ (Keep Confidence)
- တစ်သမတ်တည်း ဖြစ်ပါစေ။ (Be consistent)
- ကတိစောင့်ထိန်းပါ။ (Keep promise)
- အမှန်ကိုပြောပါ။ (Tell the Truth)
- စွမ်းရည်ကို ပြပါ။ (Show Competence)
စိန်ခေါ်မှုများ
ခေါင်းဆောင်တွေအတွက် အဓိကစိန်ခေါ်မှု (၃)မျိုး ရှိပါတယ်။
- အဖွဲ့အစည်းကို အာဏာဖြန့်ခွဲမှု (Empowering Organization)
- ပြန်လည်တည်ဆောက်မှု (Restructuring)
- ယုံကြည်မှု ဖြစ်ပေါ်စေခြင်း (Generating Trust)
ယုံကြည်မှုဆိုတဲ့ အလုပ်မှာ မြန်မာလို နည်းနည်းယုံတာ၊ များများယုံတာ ဆိုပြီးရှိသလို Thick form of Trust နဲ့ This form of Trust ဆိုတာ ရှိပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ဘယ်လောက် ယုံကြည်ကြရသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အမြဲတမ်း ဆိုးနေတဲ့ သားသမီးက “ကျွန်တော် လိမ္မာပါပြီ” ဆိုရင် ယုံကြည်မှု နည်းနည်းက စတင်ရပါတယ်။ ပြီးတော့ လုပ်ရပ်နဲ့ တိုင်းတာရပါတယ်။ အချိန်တစ်ခုအတွင်း Trust ဆိုတဲ့ ယုံကြည်မှု အတိမ်အနက် အတိုးအလျော့ ရှိလာနိုင်ပါတယ်။ ယုံကြည်မှုပုံစံ သုံးမျိုး ရှိပါတယ်။
- အကြောင်းရပ်ပေါ် အခြေခံတဲ့ ယုံကြည်မှု (Deterrence based)
- အသိပေါ် အခြေခံတဲ့ ယုံကြည်မှု (Knowledge based)
- သုံးသပ်စစ်ဆေးမှုအပေါ် အခြေခံတဲ့ ယုံကြည်မှု (Identification based)
သည်ခေတ်လူငယ်တွေ အသိအတော်မြင့်လာကြပါပြီ။ “ယုံကြည်ပါ” ဆိုတဲ့ စကားလုံး တစ်လုံး ပြောရုံနဲ့ တစ်ဖက်က ယုံသွားပြီလို့ မှတ်လို့မရတော့ပါဘူး။ အကြောင်းအရာပိုင်း အသိပိုင်းနဲ့ သုံးသပ် စစ်ဆေးမှု တွေက ယုံကြည်မှုကို ပေးတာပါ။ အချိန်ကာလ တစ်ခုကို ကျော်ဖြတ်ပြီး သက်သေပြရပါသေးတယ်။ အသိပေါ် အခြေခံတာကတော့ ပိုပြီး၊ အဓိကကျ ပါတယ်။ ဂျာမဏီနှစ်နိုင်ငံ ပေါင်းစည်းနိုင်တာဟာ နှစ်ဖက်ခေါင်းဆောင်တွေ အသိနက်နဲကြလို့ ဖြစ်ပါတယ်။ အသိတကယ် အခြေခံခဲ့ရင် အကြောင်းအရာပိုင်းနဲ့ စစ်ဆေးမှုပိုင်းကို ကျော်သွားနိုင်ပါတယ်။ သုံးချက်စလုံး ပြည့်စုံရင်တော့ ယုံကြည်မှု တည်ဆောက်ရတာ ပိုမြန်တာပေါ့လေ။
ယုံကြည်မှု အခြေခံမှု
- သံသယက ယုံကြည်မှုကို ဖယ်ရှားသည်။
- ယုံကြည်မှုက ယုံကြည်မှုကို ထွန်းကားစေသည်။
- တိုးတက်မှုက ရံဖန်ရံခါမှာ သံသယကို ဖုံးလွှမ်းသည်။
- ယုံကြည်မှုက ပူးပေါင်းမှုကို ဖြစ်ပေါ်စေသည်။
- သံသယက ဖျက်ဆီးမှုကို အားပေးသည်။
- သံသယ ထုတ်လုပ်နိုင်သောစွမ်းအားကို လျော့စေနိုင်သည်။
ကွဲပြားမှု၊ ညှိနှိုင်းမှုအတွက် ခေါင်းဆောင်ကဏ္ဍ
ခေါင်းဆောင်တွေနဲ့ လက်အောက်ရှိ တပ်မှူးတွေဟာ သဘောကွဲလွဲမှု၊ ညှိနှိုင်းမှုတွေ အတွက် အချိန်ပေးလေ့ ရှိကြရပါတယ်။ သူတို့အချိန်ရဲ့  ၂၀ ရာခိုင်နှုန်းလောက်ကို အသုံးပြု လေ့ရှိကြတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သုတေသနတစ်ခုက လက်အောက်ခံ တပ်မှူးတွေဟာ တစ်နှစ် ၅၂ ပတ်မှာ ကိုးပတ်လောက်ကို စစ်သည်တွေရဲ့  မတူတဲ့ အယူအဆ၊ ပုဂ္ဂိုလ်ရေး၊ ကွဲလွဲမှုတွေအတွက် အချိန်ပေးရတယ်လို့ မှတ်တမ်းထားရှိပါတယ်။ တစ်ခါတစ်ရံမှာ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ သဘောကွဲလွဲမှုဆိုတာကလည်း သဘာဝအရ မှာကို မတူတဲ့ရှုထောင့် ရှိကြတာမို့ အမြဲတမ်း အနည်းအများ ပေါ်လိုက်ပြီး ပေါ်တတ်တဲ့ ပြဿနာပါပဲ ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝ၊ ကင်းကွာလို့မရတဲ့ ပြဿနာတစ်ခုလို့ ခံယူထားရင် ညှိနှိုင်းအဖြေရှာရတာ လွယ်ကူပေမယ့် တင်းမာလွန်းရင်၊ ကိုယ့်ယုံကြည်ချက်ကို တစ်ပြားသားမှ မလျော့ရင် ပြေလည်အောင် ဆောက်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဖော်ပြပါပုံဟာ ထောင်လိုက်မျဉ်းက Assertive ဆိုတဲ့ အခိုင်အမာရပ်တည်ချက်နဲ့ အလျားလိုက်မျဉ်းက Cooperative ဆိုတဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ မျဉ်းနှစ်ကြောင်းကြားက အခြေအနေတွေ ဖြစ်ပါတယ်။ အကောင်းဆုံး အခြေအနေက နှစ်ဖက်မတင်းမာရင် အိုင်ဒီယာကို Share လုပ်ပြီး၊ Compromise ဆိုတဲ့ နှစ်ဖက် အလျှော့ပေး စေ့စပ် ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။ Conflict Management Style မှာ
- Competitive Style
- Accommodative Style
- Sharing Style
- Collaborative Style
- Avoidant Style
ဆိုပြီး ယေဘုယျ ငါးမျိုးထွက်လာမှာ ဖြစ်ပါတယ်။ Competitive Style မှာ တစ်ဖက်အသာ (Win-Lose) အခြေအနေဖြစ်ပါတယ်။ Accommodative Style ကတော့ Relationship ကို ထိန်းသိမ်းနိုင်ဖို့အတွက် တစ်ဖက်ဖက်က အနစ်နာခံ (Self sacrificing) ပေးရတတ်ပါတယ်။ Sharing Style ကတော့ နှစ်ဖက်အပေးအယူ ဖြစ်လို့ သဘောထား ကွဲလွဲချက်တွေကို တတ်နိုင်သလောက် သေးငယ်အောင် ဆောင်ရွက် (Splitting the Differences) တဲ့အတွက် Win-Win အခြေအနေ ဖြစ်ပါတယ်။ ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းကောင်းစားဖို့ ရှေ့တန်း တင်တဲ့အခါမှာ တူညီတဲ့ ပန်းတိုင်ရောက်ဖို့ ဆိုတဲ့ စိတ်ဆန္ဒရှိကြရင် Sharing style လုပ်လို့ရပါတယ်။ ဆန္ဒဦးစားပေးကြရင် ခက်ခဲမှာ ဖြစ်ပါတယ်။ မတူတဲ့ အဖွဲ့အစည်းတွေမှာတောင် ရည်ရွယ်ချက် တစ်ခုတည်းကို ဦးတည်ရင် Compromise လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။
Collaboration Style က ပူးပေါင်းဆောင်ရွက်တာကို အခြေခံတဲ့အတွက် Win-Win Approach ဖြစ်လို့ ကောင်းတဲ့ပုံစံဖြစ်ပါတယ်။ Avoidant Style ကတော့ ပြဿနာကို တွေ့ဆုံရှင်းလင်းဖို့ ရှောင်ရှားကြတာကြောင့် လားရာမမှန်တဲ့ပုံစံ ဖြစ်ပါတယ်။ နှစ်ဖက်ပူးပေါင်းမှု မရနိုင်ဘဲ ပြဿနာကို လျစ်လျူရှု မှုကြောင့် ဆုံးရှုံးမှုရလဒ်သာ ထွက်ပေါ်စေတဲ့ ပုံစံဖြစ်ပါ တယ်။ Lose-Lose ဆိုတဲ့ရလဒ်သာ ရကြမှာဖြစ်ပါတယ်။
တစ်ချိန်က အရှေ့ ဂျာမနီနဲ့ အနောက်ဂျာမနီကို ဘာလင်တံတိုင်းက ခွဲခြားထားခဲ့ပါတယ်။ နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် Avoidant Style ဖြစ်လို့ ညှိနှိုင်း မရခဲ့ပါဘူး။ ခေါင်းဆောင်တွေ ပြောင်းကြပြီးနောက်ပိုင်း မတူညီတာတွေ တူအောင်ညှိပြီး နှစ်ဖက်ရည်ရွယ်ချက်က Share လုပ်တဲ့အတွက် Compromise လုပ်နိုင်ခဲ့ပြီး အခု ဂျာမနီတစ်နိုင်ငံတည်း ဖြစ်သွားပါပြီ။ နှစ်ပိုင်းကွဲသွားတဲ့ နိုင်ငံတောင် ဦးဆောင်သူတွေ အမြင်ကျယ်လို့ ပေါင်းနိုင်ရင် သာမန်အဖွဲ့အစည်း၊ စီးပွားရေးတွေမှာ မပူးပေါင်းနိုင်စရာ၊ Compromise မလုပ်နိုင်စရာ မရှိပါဘူး။ ရည်ရွယ်ချက် ကောင်းဖို့နဲ့ စိတ်စေတနာ မှန်ဖို့သာ အဓိကဖြစ်ပါတယ်။