Tuesday, June 2, 2009

အေဆိုဒ်ကုန်လို့ ဘီဆိုဒ်ပြောင်းတာ

စိတ်ရောဂါကုဆေးရုံတရုံမှာပေါ့ ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လြှဲပီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လှဲပြီး ဆက်ဆိုပြန်တယ်။

ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူသတည်း။

Followers