Thursday, June 11, 2009

ခေါင်ဆောင် - အပိုင်း (၁၃)

ခေါင်းဆောင်ကဏ္ဍနဲ့ နောက်လိုက်ဆောင်ရွက်မှု

Leader Involvement and Subordinate Performance

Leaders do the ‘right things’
and other do ‘things right’

ခေါင်းဆောင် အပိုင်း (၁၂) အား ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ခေါင်းဆောင်က ဘယ်အတိုင်းအတာအထိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်ဆိုတာ ရှိပါတယ်။ လုပ်ငန်းရဲ့ သဘောသဘာဝအရ ဘယ်လိုအထောက်အပံ့မျိုးကို ဘယ်အထိရယူ သင့်သလဲ ဆိုတာလည်း သိထားရပါမယ်။ နောက်လိုက်တွေရဲ့  မျှော်လင့်ချက်နဲ့ သူတို့ လိုအပ်တဲ့ အထောက်အပံ့ ကိုလည်း သေချာစွာ သိရပါမယ်။ ဖွဲ့စည်းပုံစံနဲ့ စနစ်မှာလည်း ဘယ်လို အထောက်အပံ့မျိုး ရနိုင်သလဲ၊ အဆင်သင့် ဖြစ်သင့်သလဲဆိုတာတွေကို သိထားပါမှ နောက်လိုက် တွေရဲ့  ကျေနပ်မှုနဲ့ လုပ်အား ဆောင်ရွက်မှုတွေကို စီမံကိန်းအတိုင်း ရရှိမှာ ဖြစ်ပါတယ်။ အပိုင်းလိုက် လိုအပ်ချက်တွေ သိမထားရင် အဖွဲ့အစည်းတစ်ခုလုံး သဟဇာတ ဖြစ်စွာ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။

ပုံ ၁

နိုးကြားတက်ကြွစေပါ

လူ့သဘောတရား သဘာဝအရ နိုးကြားတက်ကြွမှု (Motivation) မရရင် ဘာမှမလုပ်ချင် ပါဘူး။ Motivation ရဖို့အတွက် -

  • ရှင်းလင်းပြတ်သား၊ ထိရောက်တဲ့ရည်မှန်းချက်
  • အားလုံးပါဝင်ဆောင်ရွက်နိုင်မှု
  • တိကျတဲ့ရည်ရွယ်ချက်၊ အခြေခံစံနှုန်း၊ အချိန်သတ်မှတ်ချက်
  • အဖွဲ့အစည်းရဲ့  ရည်မှန်းချက်နဲ့ ချိတ်ဆက်မှု
  • သင့်လျော်သော၊ တသမတ်ကျသော၊ ညီမျှသော ဖြစ်စေမှု
  • စိန်ခေါ်မှုအတွက် အောင်မြင်နိုင်စေသော အစီအမံတွေ လိုအပ်ပါတယ်။
  • ဘာမှမရေရာဘူးဆိုတဲ့ အသိရှိသွားရင် Motivation ရဖို့ မဖြစ်နိုင်ပါဘူး။

ဝိရောဓိ ဖြေရှင်းခြင်း

ဝိရောဓိ ဆိုတဲ့ ဆန့်ကျင်ဘက်က နေရာတိုင်းမှာ ရှိပါတယ်။ Managing Conflict ဆိုတဲ့ ကိုင်တွယ် ဖြေရှင်းနည်း ရှိရပါမယ်။ ၀ိရောဓိဖြစ်စေတဲ့ အကြောင်းခြင်းရာကိုသိရင် Solution ဆိုတဲ့ ဖြေရှင်းနည်းကို ရမှာပါ။

  • ၀ိရောဓိဖြစ်စေတဲ့ မူလအခြေခံကို ရှာဖွေ
  • သင့်လျော်တဲ့ စီမံခန့်ခွဲမှုနည်းလမ်းကိုရှာ
  • ပူးပေါင်းဆောင်ရွက်နဲ့ ချင်းနင်းမှုမျိုးကနေ လူမှုရေးပြဿနာကို ဖြေရှင်း။

ပုံ (၂)

ဝိရောဓိကို သုံးသပ်တဲ့အခါမှာ People – focused ဆိုတဲ့ လူပုဂ္ဂိုလ်အခြေခံ ဖြစ်လာတာလား Issue – focused ဆိုတဲ့ အကြောင်းအရာအပေါ် အခြေခံတာလား ဆိုတာခွဲခြားရပါမယ်။ အ ကြောင်းအရာ အပေါ် အခြေခံတာကို ရှင်းပြရတာကို ရှင်းရတာပိုလွယ်ပေမယ့် ပုဂ္ဂိုလ်အပေါ် အခြေခံတာက ပိုပြီး သိမ်မွေ့ပါတယ်။

ပုံ (၃)

ပုံမှာပါဝင်တဲ့ ၀င်ရိုးနှစ်ခုမှာ တစ်ဖက်က တင်းမာမှု (Assertive) ရှေးရှုပြီး၊ တစ်ဖက်မှာ ပူးပေါင်း မှု (Cooperative) ရှေးရှုပါတယ်။ Compromise လုပ်တယ် ဆိုတာ နှစ်ဘက် မတင်းလွန်း၊ မလျော့လွန်းမှ လုပ်လို့ရတယ် ဆိုတာ တွေ့ရမှာပါ။ တစ်ဖက်က တင်းမာလွန်းပြီး ပူးပေါင်းလိုမှု မရှိတဲ့ အခြေအနေမျိုးမှာ တင်းမာမှု သိပ်များနေရင် Force လုပ်ယူရပါတယ်။ မတင်းလွန်း ပေမယ့်လည်း ပူးပေါင်းလိုမှု ရှိရင်တော့ Collaboration ဆိုတဲ့ အတူတကွ ဆောင်ရွက်မှုမျိုးနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ၀ိရောဓိပုံစံနဲ့ ကိုင်တွယ်ဖြေရှင်းနည်းတွေကို အောက်မှာ ဇယားကွက်နဲ့ ရှင်းလင်းထားပါတယ်။

ပုံ (၄)

လုပ်ပိုင်ခွင့် ခွဲဝေခြင်း

မိသားစုလုပ်ငန်းသေးတွေမှာ မထင်ရှားပေမယ့် လုပ်ငန်းကြီးလာပြီဆိုရင် Empowerment and delegation ဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးရတာ အစဉ်အလာတစ်ခုပါ။ CEO လုပ်တဲ့သူက လုပ်ငန်းအများကြီးကို တစ်ခုချင်း အသေးစိတ် မကြည့်နိုင်ပါဘူး။

အတ္တများတဲ့အခါ၊ အမြော်အမြင် နည်းတဲ့အခါ၊ ငါ သြဇာအာဏာလျော့ပြီ လို့ ယူဆ တဲ့အခါမျိုးမှာ လုပ်ပိုင်ခွင့်ခွဲဝေပေးဖို့ တွန့်ဆုတ်ကြပါတယ်။ အဖွဲ့အစည်းတိုးတက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို နောက်ချန်ထားလေ့ ရှိလာတတ်ကြပါတယ်။ ရလဒ်က “ဆုတ်ယုတ်မှု” ကို ရှေးရှုပါတယ်။ Power နဲ့ Empowerment ရဲ့  ကွာခြားချက်ကို လေ့လာပါ။

ပုံ (၅)

ကွာခြားချက်က သိသာထင်ရှားပါတယ်။ Power ဆိုတာ လူတစ်ဦး၊ လူနည်းစု အတွက်သာ ဖြစ်ပြီး Empowerment က အများအတွက် ဖြစ်တာ တွေ့ရပါမယ်။ Power ရဲ့ လားရာက “ယှဉ်ပြိုင်မှု” ဖြစ်လာပြီး၊ Empowerment က “ပူးပေါင်းမှု”ကို ရှေ့ ဆောင်သွားပါတယ်။ အိမ်ထောင်စု တစ်စုမှာ Power ကို အိမ်ထောင်ဦးစီးက ချုပ်ကိုင်တာကို စာဖွဲ့စရာမဟုတ်ပေမယ့် အဖွဲ့အစည်း ကြီးလာရင် တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်တာ မသင့်တော်ပါဘူး။ ဆင့် ထက်ကဲ မျှဝေသင့်ပါတယ်။ လုပ်ပိုင်ခွင့် ပေးသင့်ပါတယ်။ ပညာနည်းသူတွေက Power ကို ချုပ်ကိုင် ထားလေ့ ရှိကြပြီး ပညာကြီးသူတွေက Empower လုပ်ရဲကြပါတယ်။

အဖွဲ့အစည်းနှင့် အဖွဲ့အစည်း စိတ်ဓာတ်

Team ကို အားကစားမှာ အသင်းလို့ ဝေါဟာရ ပြုပါတယ်။ တခြားမျက်နှာစာမှာတော့ အဖွဲ့ အဖွဲ့အစည်း လို့ သုံးရတာ ပိုသင့်လျော်ပါတယ်။ Team ဆိုတာမှာ-

  • လူနည်းစုပါဝင် (small number of people)
  • တူညီတဲ့ အတတ်ပညာရှိ (complementary skill)
  • ဘုံရည်မှန်းချက်ရှိ (common purpose)
  • ပြတ်သားတဲ့ ပန်းတိုင်ရှိ (clear goals)
  • ခွဲဝေတာဝန်ယူစိတ်ရှိ (share accountability)
  • တစ်စုံတစ်ခု ပြီးမြောက်ရန် ကတိရှိ (committed for something)

Team တစ်ခု တိုးတက်ဖွံ့ဖြိုးဖို့ အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

  • စတင်ဖွဲ့စည်းခြင်း (Forming)
  • ဥပဒေ စည်းကမ်းသတ်မှတ်ခြင်း (Conforming)
  • လေ့ကျင့်ပြုစု ပျိုးထောင်ခြင်း (Storming)
  • ဆောင်ရွက် လုပ်ကိုင်ခြင်း (Performing)
  • ပြောင်းလဲလုပ်ကိုင်ခြင်း (Adjourning)

ထိရောက်စွမ်းအားရှိတဲ့ Team တစ်ခုဟာ Cooperation ဆိုတဲ့ ပူးပေါင်းလုပ်ကိုင်တတ်မှုနဲ့ Trust ဆိုတဲ့ ယုံကြည်မှုကို ရရှိပါမယ်။ Cohesiveness ဆိုတဲ့ တသားတည်းပေါင်းစပ်မှု အင်အား ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ထိရောက်စွမ်းအားရှိတဲ့ အဖွဲ့ခေါင်းဆောင်(Team leader) တွေရဲ့  အလုပ်ကတော့-

  • Integrity ဆိုတဲ့ ဖြောင့်မတ်မှုကို ပြသနိုင်ရပါမယ်။
  • တည်ငြိမ် ပြတ်သား၊ ရှင်းလင်းမှု ရှိရပါမယ်။
  • အပြုသဘောဆောင်တဲ့ အင်အားတွေ ဖန်တီးရပါမယ်။
  • ဘုံတူညီချက်တွေနဲ့ အပြန်အလှန် ရှိရပါမယ်။
  • သဘောတူညီမှုရော သဘောထားမညီမျှမှုကိုပါ ထိန်းသိမ်း စီမံခန့်ခွဲနိုင်ရပါမယ်။
  • အားပေးမှုနဲ့အတူ နည်းလမ်းကောင်းပေးရပါမယ်။
  • သတင်းအချက်အလက် မျှဝေရပါမယ်။

ကဲ….ကျွန်တော့်ရဲ့  စာဖတ်ပရိသတ်တွေ အားလုံး အနာဂါတ်မှာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်ကြပါစေခင်ဗျား။ အဖွဲ့အစည်းရဲ့  အနှစ်ချုပ်ကို ဇယားကွက်နဲ့ အောက်မှာ တင်ပြထား ပါတယ်။

ပုံ (၆)

Followers